Naing Linn Oo Blog လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Wednesday, September 6, 2017

Ethical Hacking  Penetration Testing     

Ethical Hacking နှင့် Penetration Testing အတွက် ဖတ်သင့်တဲ့ စာအုပ် ၅ အုပ်
.
.
Hacking အကြောင်း စလုပ်မယ်စိတ်ကူးတဲ့လူတိုင်း စလုပ်ကြတာကတော့ စာအုပ်ဖတ်ပြီး လိုက်လုပ်ကြည့်တာပါဘဲ။ ဒီအချိန်မှာ ပညာရပ်တစ်ခုကိုလေ့လာရာတွင် မှန်ကန်စွာနှင့် မြန်ဆန်စွာ ခရီးရောက်ရန်အတွက် ဖတ်သင့်တဲ့စာအုပ်ဆိုတာ ရှိပါတယ်။ Hacking အကြောင်းကို နားလည်တတ်ကျွှမ်းသူများမှ ညွှန်းတဲ့စာအုပ် (၅) အုပ်ရှိပါတယ်။ အဲဒါတွေကတာ့ အောက်ပါအတိုင်း ဖြစ်ပါတယ်။



Hacker's Playbook: Practical Guide for Ethical Hacking
Hacker's Playbook 2: Practical Guide for Ethical Hacking
ဒီစာအုပ်ကတာ့ စလုံးရေးစနေ စလုပ်ပါမယ်ဆိုတဲ့ သူတွေအတွက်ပါ။ Hacking စလေ့လာသူတိုင်း ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ဉီးတည်ထားတာပါ။ Programming, Shell Code နဲ့  Exploit တွေ အလုပ်လုပ်ပုံကို နည်းစနစ်ကျကျ သိသွားစေမှာပါ။ စလေ့လာတဲ့သူပဲဖြစ်ဖြစ် ကြားဖူးနားဝ ရှိတဲ့သူပဲဖြစ်ဖြစ် Digital Security ဆိုင်ရာကိစ္စတွေရဲ ရှူပ်ထွေးမှုကို ကောင်းကောင်းနားလည်စေဖို့ ဒီစာအုပ်က လမ်းညွှန်ပေးမှာပါ။ ဒုတိယမြောက် ထုတ်ဝေမှုမှာတော့ အသစ်ပေါ်လာတဲ့ နည်းစနစ်တွေ Tool တွေကို ထပ်ဖြည့်ပေးထားပြီး ဆရာတစ်ဆူဖြစ်အောင် ကူညီပေးမှာပါ။
.
Metasploit: The Penetration Tester's Guide
Open-Source ဖြစ်တဲ့ Metasploit Framework ကိုသုံးပြီး Pentesting လုပ်ပုံတွေကို ရှင်းပေထားတာပါ။ Metasploit ကို မသုံးဖူးသေးတဲ့သူတွေအတွက် သင့်တော်ပါတယ်။ လေ့ကျင့်ခန်းသဘောမျိုး သင်သွားတဲ့အတွက် လုပ်ရင်း ဖတ်ရင်းနဲ့ နားလည်သွားစေမှာပါ. စာအုပ်နောက်ဆုံးမှာလည်း တကယ့် Pentesting Simulation ပါတဲ့အတွက် အဲဒါပါလုပ်ပြီးသွားရင် ကိုယ့်ကိုယ်ကိုယ်လည်း Pentester စစ်စစ်တစ်ယောက်လို ယုံကြည်မှုရှိသွားစေပါတယ်။
.
Kali Linux: Wireless Penetration Testing Beginner's Guide
Vivek Ramachandran ရေးတဲ့ BackTrack 5 Penetration Testing ကို အဆင့်မြှင့်ထားတဲ့ ဒီစာအုပ်မှာ မလိုအပ်တဲ့ သဘောတရားပိုင်းတွေ ဖြုတ်ထားပြီး Kali Linux ကနေ လွယ်လွယ်ရှင်းရှင်း လုပ်နိုင်တာတွေကို ပြပေးထားပါတယ်။ အခြေခံသမားအတွက်ကရာ အခြေခံရှိပြီးသား လူတွေအတွက်ပါ ဗဟုသုတကောင်းကောင်း ရသွားစေအောင် ပညာပါပါ ရောစပ်ထားပေးပါတယ်။
.
Mastering Kali Linux for Advanced Penetration Testing
အကောင်းဆုံး စာအုပ်တစ်အုပ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ တခြားစာအုပ်တွေလိုပဲ Kali Linux အကြောင်းဆိုပေမယ့် ကွဲပြားတဲ့ သင်ယူရခြင်းမျိုးကို ဖတ်ကြည့်တာနဲ့  ခံစားမိလိမ့်မယ်။ အရေးအသားရှင်းသလို ဖတ်ရတာလည်း မပျင်းအောင် လုပ်ပေးထားတယ်။ မာတိကာကို ကောင်းကောင်းစဉ်ထားပေးလို့  ရှေ့ကြည့် နောက်ကြည့်နဲ့ ခေါင်းရှုပ်စရာ မလိုပါဘူး။ ဒါပေမယ့် ဒီစာအုပ်ကို ကိုင်နိုင်ဖို့အတွက်ကတော့ Networking အခြေခံလေး ရှိထားမှ အဆင်ပြေပါလိမ့်မယ်။
.
Black Hat Python: Python Programming for Hackers and Pentesters
ဒီစာအုပ်ရဲ့  ကောင်းကွက်က Programming ရော Hacking ရော သင်ပေးနိုင်တာပါဘဲ။ Python သုံးတဲ့ Hacking နဲ့ Pentesting အခြေခံတွေကို သေသေချာချာ ရှင်းပြထားပါတယ်။ System နဲ့  Network ကို ဘယ်လို Hack ရမယ် Test ရမယ်ဆိုတာ တစ်ခါတည်း သိသွားစေပါတယ်။ Pentesting ခရီးလမ်းကြောင်းဖြစ်တဲ့ အချက်အလက်စုတာကနေ ထိုးဖောက်တာအထိ အဆင့်ဆင့်ကို Python ကို သုံးပြီး သင်ပေးသွားပါတယ်။ Programming ကိုလည်းစိတ်ဝင်စားတဲ့သူဆို ဒီစာအုပ်ကနေ စဖတ်သင့်တယ်လို့ ထပ်ဆင့် ညွှန်းချင်ပါတယ်။
.
အခုဆို စာချစ်သူများအနေဖြင့် စာအုပ်ကောင်းများကို သိရှိပြီးဖြစ်သည့်အတွက် ကြိုးစား ဖတ်မှတ်ကြမယ်ဆိုရင် တကယ့် အရည်အချင်းပြည့်ဝသော Ethical Hacker ကြီးများ ဖြစ်နိုင်ပါကြောင်း လေ့လာတင်ပြလိုက်ရပါတယ်။



Ref. Orig

Naing Linn Oo (Mega Mind).


No comments: