Naing Linn Oo Blog လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Friday, July 14, 2017

ရုံးလုပ်ငန်း၊ ရုံးစာတွေမှာ အရေးတကြီး လိုအပ်နေလျှက်ရှိတဲ့ Myanmar 3 ပြသာနာအကြောင်းလေးပြောပြပေးသွားမှာပါ ဘာလဲဆိုတော့ ပြသာနာက Myanmar 3 ချင်းတူနေပေမယ့် 2010 နဲ့ 2007 လွဲနေတာလေးပါ သူတို့အချင်းချင်းလည်း ကွာခြားချက်လေးတွေရှိနေပါတယ် Myanmar 3 မှလည်း 2007၊ 2008၊ 2010၊ 2011 ဆိုပြီး Version အမျိုးမျိုးထွက်လာခဲ့ပါတယ်၊ အဲ့ဒီထဲကမှ ကျွန်တော်တို့သုံးရမှာက 2007ပါ၊ အသုံးပြုပုံကတော့ အရင်ဆုံးမိမိ Computer တွင် Install ပြုလုပ်ထားသော Myanmar3.ttf Font Version အားဦးစွာစစ်ဆေးပါ...
ထိုသို့စစ်ဆေးရန်အတွက် Control Panel --> Fonts ထဲသို့ ၀င်ပါ... Fonts Search Box တွင် Myanmar3 ဟုရိုက်ပြီးရှာဖွေပါ...Myanmar3 Reguar နှင့် Myanmar3 Head Regular အားတွေ့ရမည် ဖြစ်ပါသည်... Myanmar3 Regular အားဖွင့်ပြီး Version အားစစ်ဆေးပါ... Version 3.00 January 25, 2007 မှလွဲ၍ အခြား Version များဖြစ်ပါက Font Size ကြီးခြင်းများ ဖြစ်ပေါ်စေပါသည်... (ဦးစွာ Version လွဲနေသော Myanmar3 Font အား Control Panel --> Fonts ထဲမှ အရင် Delete ပြုလုပ်ရန် အထူးလိုအပ်ပါသည်)... ထို့ကြောင့် အဆိုပါ Font အား Delete ပြုလုပ်ပြီး Myanmar3.ttf Version 3.00 January 25, 2007 အား Install ပြုလုပ်ပေးရပါမည်... Delete ပြုလုပ်မရလျှင် Registry ထဲသို့ ၀င်ရောက်ကာ Delete ပြုလုပ်ပေးရပါမည်... Run Box တွင် Regeditဟုရိုက်ထည့်ကာ Registry Editor ထဲသို့ဝင်ပြီး HKEY_LOCAL_MACHINE --> SOFTWARE --> Microsoft --> Windows NT -->CurrentVersion --> Fonts ထဲရှိ Myanmar3 နှင့်ပတ်သက်သည့် Font အားလုံးကို Delete ပြုလုပ်ပါ (ပြီးလျှင် Computer ကို Restart ပေးရန်လိုအပ်ပါသည်)... ပြီးမှသာ Version 2007 Fonts အား Install ပြုလုပ်ပါ... (Delete မပြုလုပ်ဘဲ Override Install ပြုလုပ်ခြင်းမှရှောင်ကြဉ်ရပါမည်)... Myanmar3.ttf Font Version 3.00 January 25, 2007 အား Install ပြုလုပ် ထားမှသာ Myanmar3 Font Size ပုံမှန်ပေါ်မည် ဖြစ်ပါသည်... Keyboard အတွက် Keyman 6.2 သည်လက်ရှိတွင် Myanmar 3 အတွက် အသင့်တော်ဆုံး Keyboard ဖြစ်ပါသည်... အားလုံးကိုကျေးဇူးတင်ပါတယ်... Myanmar 3 သည် Windows XP, Windows 7, Windows 8, Window 8.1 နှင့် Windows 10 များတွင် အသုံးပြုနိုင်ပြီးအသင့်တော်ဆုံး OS မှာ Windows 7 ဖြစ်ပါသည်... MS Office တွင် 2003, 2007, 2010 များတွင် အဆင်ပြေပြီး 2013, 2016 များတွင် Font Conflict ဖြစ်ကာအဆင်မပြေမှုများစွာရှိပါသည်... အသင့်တော်ဆုံး MS Office မှာ 2007 ဖြစ်ပါသည်...


မိတ်ဆွေတို့လိုအပ်လျှင်တော့ အောက်မှာ Download ဆွဲနိုင်ပါတယ်

Download ဆွဲနည်း

1. Download link ကိုနှိပ်
2.၅ စက္ကန့်လောက်စောင့်ပေးပါ
3. ညာဘက်အပေါ်ထောင့်က Skip AD ဆိုတာလေးနှိပ်ပေးပါ

Myanmar 3 2007 Font and Keyman Keyboard

Download

၂. နောက်တစ်ခုက


-Win---Researcher
WinResearcher တို့ကို Myanmar 3 ပြောင်းလို့ရတဲ့ KaNaung Converter လေးပါ လိုအပ်လျှင်အောက်မှာ Download ဆွဲနိုင်ပါတယ်

KaNaung Converter


Download

အသုံးပြုနည်း




လိုအပ်တာရှိလျှင်
ကျွန်တော့်facebook account မှာ 
လာရောက်မေးမြန်းနိုင်ပါတယ်

အဆင်ပြေကြပါစေ။

Naing Linn Oo(Mega Mind).

No comments: