Naing Linn Oo Blog လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Thursday, August 17, 2017

PC Computer တွေ Apple Mac ထက်ပိုကောင်းတဲ့ အကြောင်းအရင်းများ

Window ကွန်ပျူတာတွေနဲ့ Apple Mac Book တွေရဲ့ ဘယ်ဟာပိုကောင်းလဲ ဆိုတဲ့ အငြင်းအခုံ ဖြစ်ခဲ့တာက နှစ်တွေကြာခဲ့ပါပြီ။ “PC” နဲ့ “Mac” နှစ်ခုလုံးကတော့ သူ့ Function နဲ့သူ အသုံးပြုသူတွေအတွက်ကောင်းမွန်ကြပါတယ်။ ဒါပေမယ့် Window ကိုအခြေခံထားတဲ့ “PC” ရဲ့ “Mac” ထက်ကောင်းတဲ့ အချက်တွေကို အခရာကနေ ဖော်ပြပေးလိုက်ပါတယ်။



၁။ PC နဲ့ ဂိမ်းကစားတာက “Mac” ထက်ပိုကောင်းပါတယ်။

ဂိမ်းကစားခြင်းနဲ့ PC ကြားမှာ ဇာတ်လမ်းများစွာရှိပါတယ် အဲ့ဒါဘာလည်းဆိုတော့ လူအများစုဟာ ဈေးကြီးတဲ့ “PC” တွေကို ၀ယ်ကြပါတယ် ဘာကြောင့်လည်းဆိုတော့ ဂိမ်းကစားဖို့အတွက်ပဲ ဖြစ်ပါတယ်။ တချို့ PC တွေဟာ “Mac Book” နဲ့ဈေးနှုန်းတူပါတယ်။ “Mac Book” ဟာလည်း သူ့ရဲ့ကိုယ်ပိုင် Store မှာ အသစ်ထွက်တဲ့ဂိမ်းတွေကို ရယူနိုင်ပါတယ်။ PC မှာတော့ ဂိမ်းအကြီးစားတွေကစားနိုင်ပြီး PC မှာရတဲ့ ဂိမ်းတွေကို Mac မှာမရနိုင်ပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကနေစပြီး ကွန်ပျူတာလောကမှာနာမည်ကြီးလာတဲ့ “Mac” ကိုဈေးကြီးတဲ့အတွက်ကြောင့် ဂိမ်း Developers တွေဟာ “Mac” မှာ ဂိမ်းဖန်တီးဖို့ကို စိတ်ဝင်စားတဲ့ပုံ မပြခဲ့ကြပါဘူး။

၂။ “Mac” ရဲ့ဈေးနှုန်းဟာမြင့်ပါတယ်။

MacBook Pro ရဲ့ဈေးနှုန်းဟာ ဒေါ်လာ ၁,၅၀၀ ခန့်ရှိပါတယ်။ ဒီဈေးနှုန်းနဲ့ဆိုရင် PC တစ်လုံးကို Features မျိုးစုံနဲ့ ရရှိနိုင်တဲ့အပြင် Gamer တွေလည်း Game ကစားတဲ့အခါ ကောင်းကောင်းကစားလို့ရပါတယ်။ နောက်ပြီး Gaming အတွက်ကောင်းကောင်းလုပ်ထားတဲ့ PC ဆိုရင်ပြန်ရောင်းတဲ့အခါမှာလည်း ဒေါ်လာ ၄၀၀ ကနေ ၅၀၀ ကြား ငွေပြန်ရပါသေးတယ်။ Mac ကိုပြန်ရောင်းရင်လည်း ဒီငွေပမာဏ ကိုပြန်ရနိုင်ပါတယ်။ ဒါပေမယ့် စိတ်ကြိုက်ဂိမ်းကစားပြီး အကြမ်းခံတဲ့ PC နဲ့ Mac ဆိုဘယ်ဟာကို ၀ယ်မလဲ ? MacBook နှစ်သက်တဲ့သူတွေရဲ့အပြောကတော့ “ ဟုတ်ပါတယ် MacBook တွေကပိုဈေးကြီးပါတယ် ဘာလို့လည်းဆိုတော့ ပိုပြီးတန်ဖိုးရှိတာကြောင့်ပါပဲ” ဖြစ်ပါတယ်။

၃။ “PC” Hardware နဲ့အသုံးပြုရတာပိုအဆင်ပြေပါတယ်။

PC မှာ ပါတဲ့ Hardware ဟာ Mac ထက်ပိုပြီးအသုံးပြုရတာအဆင်ပြေပါတယ်။ သင့်အနေနဲ့ ကိုယ်ကြိုက်တဲ့ Update ကိုအလွယ်တကူသွင်းနိုင်သလို RAMs ဒါမှမဟုတ် Graphic Card ကို စိတ်ကြိုက်တိုးနိုင် မြှင့်နိုင်ပါတယ်။ ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် RAM နဲ့ Graphic Card ပျက်စီးသွားရင်လည်း သက်သာတဲ့ဈေးနှုန်းနဲ့ ပြန်လည်ပြင်ဆင်နိုင်ပါတယ်။ Mac မှာတော့ ဒီလိုလုပ်လို့မရပါဘူး တစ်ခုခုကို ထည့်သွင်းအသုံးပြုချင်တယ်ဆိုရင်တောင် Apple Store ကနေပဲအသုံးပြုနိုင်ပြီး စက်ချို့ယွင်းတဲ့အချိန်တွေဆို ပြင်ဆင်ရတာ ဈေးပိုကြီးပါတယ်။

၎။ Mac ရဲ့ဖွဲ့စည်းတည်ဆောက်ပုံဟာလျော့နည်းပါတယ်။

လွန်ခဲ့တဲ့ ၂နှစ် ၊ ၃နှစ်တုန်းက Apple ဟာ MacBook အပေါ်မှာ စိတ်ဝင်စားတဲ့ပုံစံမပြတဲ့အပြင် Minor Upgrades တွေကိုလည်းတိုးတက်အောင်ပြုလုပ်ခြင်းမရှိပါတယ်။ Apple ရဲ့အာရုံစိုကထားတဲ့ တစ်ခုတည်းသော အရာက “IOS”သာဖြစ်ပါတယ်။ တစ်ခြားဖက်က “Windows” ကတော့ နေ့စဉ်နဲ့အမျှ ကွန်ပျူတာဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်လျက်ရှိပါတယ်။ ဒါ့အပြင် ဈေးကွက်ထဲမှာရှိတဲ့ Software အများစုကလည်း Windows ကိုအထောက်အပံ့ပေးတာပိုများပါတယ်။ Mac အတွက်လည်း Software အများအပြားရှိပေမယ့် အဲ့ဒါတွေဟာ Windows နဲ့ယှဉ်ရင်တော့ ဘာမှမဟုတ်တာကိုတွေ့ရမှာပါ။ Windows အသုံးပြုတဲ့ သူတွေအတွက် အခမဲ့အသုံးပြုနိုင်တဲ့ Software တွေများပြားပါတယ်။ PC ဟာ Program ပေါင်း 50,000 နဲ့သဟဇာတ ဖြစ်ပေမယ့် Mac မှာတော့ သူနဲ့အဆင်ပြေတဲ့ Program ဟာ 5,000 ပဲရှိပါတယ်။

၅။ Microsoft Office မှာအားလုံးရှိပါတယ်။ Mac မှာတော့မရှိပါဘူး။

လူအများစုဟာ Game ကစားတာနဲ့အတူ Windows ကိုလုပ်ငန်းသုံး ကျောင်းသုံးတွေမှာလည်း အသုံးပြုပါတယ်။ Excel ၊ Office Words ၊ Power Point နဲ့ လုပ်လို့ရတဲ့ Presentation Program  စတာတွေဟာ Microsoft Office ရဲ့အဓိကလုပ်ငန်းစဉ်တွေဖြစ်ပါတယ်။ Office Software ဟာယနေ့ချိန်ထိ စိတ်ချရတဲ့ Software တစ်ခုအဖြစ်ရှိပါတယ်။ Mac အတွက်လည်း “Office” ရှိပေမယ့် Mac မှာအသုံးပြုတဲ့အခါ Windows လောက် Features ပြည့်ပြည့်၀၀ အသုံးမပြုနိုင်တာကို တွေ့ရမှာပါ။ ဒါပေမယ့် Mac ရဲ့ပရိသတ်တွေကတော့ ဘယ်လို Features တွေပဲလျော့နည်းပါစေ Mac မှ Mac ဖြစ်နေတုန်းပါပဲ။

Jan (Akhayar)

Naing Linn Oo (Mega Mind).



No comments: