Naing Linn Oo Blog လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Friday, August 18, 2017

Malware ဆိုတာဘာပါလိမ့်

Malware ဆိုတာ Maliciious software ကိုအတိုကောက်ခေါ်တာပါ။ Programmer တစ်ယောက်ဟာ malware ကိုဖန်တီးရခြင်း အကြောင်းတွေအများကြီးရှိပါတယ်။ သာမန် computer attack ကနေ cyber crime အကြီးစားတွေလုပ်ဆောင်ဖို့အတွက်ထိဖြစ်နိုင်တယ်ဗျ။ Malware ကို ပုံစံအမျိုးမျိုးနဲ့ရေးဆွဲကြပါ
တယ်။ အဓိကအားဖြင့် malware အမျိုးအစားတွေကတော့ virus, trojan, worm, spyware, နဲ့ zombies ဆိုပြီးရှိပါတယ်။

Thursday, August 17, 2017

အရမ်း မိုက်​တဲ့ Recovery Tool မရှိမဖြစ်​​ဆောင်​ထားသင့်​ပါတယ်

Computer အတွက်​ပါ
HDD ​တွေ Flash Drive ​တွေ အတွက်​ File မှားဖျက်​မိတာဖြစ်​ဖြစ်​ HDD တခုလုံး Format ချမိတာဖြစ်​ဖြစ်​ Delete Partition လုပ်​မိလို့ Unallocated ဖြစ်​သွားတာ ​တွေအတွက်​ အ​ရေးတကြီး Data recovery ပြန်​လုပ်​ဖို့ဆို ​တော်​​တော်​ အသုံးတည့်​​စေမှာပါ

PC Computer တွေ Apple Mac ထက်ပိုကောင်းတဲ့ အကြောင်းအရင်းများ

Window ကွန်ပျူတာတွေနဲ့ Apple Mac Book တွေရဲ့ ဘယ်ဟာပိုကောင်းလဲ ဆိုတဲ့ အငြင်းအခုံ ဖြစ်ခဲ့တာက နှစ်တွေကြာခဲ့ပါပြီ။ “PC” နဲ့ “Mac” နှစ်ခုလုံးကတော့ သူ့ Function နဲ့သူ အသုံးပြုသူတွေအတွက်ကောင်းမွန်ကြပါတယ်။ ဒါပေမယ့် Window ကိုအခြေခံထားတဲ့ “PC” ရဲ့ “Mac” ထက်ကောင်းတဲ့ အချက်တွေကို အခရာကနေ ဖော်ပြပေးလိုက်ပါတယ်။

Friday, July 14, 2017

ရုံးလုပ်ငန်း၊ ရုံးစာတွေမှာ အရေးတကြီး လိုအပ်နေလျှက်ရှိတဲ့ Myanmar 3 ပြသာနာအကြောင်းလေးပြောပြပေးသွားမှာပါ ဘာလဲဆိုတော့ ပြသာနာက Myanmar 3 ချင်းတူနေပေမယ့် 2010 နဲ့ 2007 လွဲနေတာလေးပါ သူတို့အချင်းချင်းလည်း ကွာခြားချက်လေးတွေရှိနေပါတယ် Myanmar 3 မှလည်း 2007၊ 2008၊ 2010၊ 2011 ဆိုပြီး Version အမျိုးမျိုးထွက်လာခဲ့ပါတယ်၊ အဲ့ဒီထဲကမှ ကျွန်တော်တို့သုံးရမှာက 2007ပါ၊ အသုံးပြုပုံကတော့ အရင်ဆုံးမိမိ Computer တွင် Install ပြုလုပ်ထားသော Myanmar3.ttf Font Version အားဦးစွာစစ်ဆေးပါ...

Saturday, April 22, 2017

အခုတစ်​ခါက​တော့ လူကြိုက်​များ​နေပြီး Virus သတ်​တဲ့​နေရာမှာ နာမည်​ကြီး​နေတဲ့ software ​လေးတစ်​ခုနဲ့ မိတ်​ဆက်​​ပေးပါရ​စေ။ kaspersky Internet Security ပါပဲ၊ သူ့ရဲ့ ဆိုးကျိုး​ရော၊ ​ကောင်းကျိုး​ရော တစ်​ခါတည်းပဲ​ပြောပြ​ပေးပါမယ်​၊ သူက​တော့ virus သတ်​တဲ့​နေရာမှာ နည်းနည်းဆရာကျတယ်​လို့ဆိုရပါမယ်​၊ အဲဒါ​ကြောင်းလည်း နာမည်​ကြီး​နေတာ​ပေါ့၊ ဆိုင်​​တွေမှာဆို ပိုက်​​ဆံ​ပေးပြီး​တောင်​၀ယ်​ရတယ်​​လေ ခုလက်​ရှိထိ​ပေါ့၊ ကွန်​ပျူတာတစ်​ခုလုံး သန့်​ရှင်း​အောင်​ ထိန်းသိမ်းထားနိုင်​ပါတယ်​၊ virus အန္တရာယ်​က​နေလည်း ကာကွယ်​​ပေးပါတယ်​ဗျ၊အားနည်းချက်​က​တော့ အခြား Program တစ်​ခု သုံး​နေတဲ့ အချိန်​မှာ သူ့ကိုဆက်​ပြီး အလုပ်​လုပ်​ခိုင်းမယ်​ဆိုရင်​​တော့ မိတ်​​ဆွေစိတ်​ညစ်​ရလိမ့်​မယ်​ဗျ၊ ဘာလို့လဲဆို လိုရင်းမ​ရောက်​​တော့ဘူး၊ အလုပ်​လုပ်​ရတာ​နှေးသွားတယ်​ဗျ၊ အဲ့ဒါ​ကြောင့်​ မိတ်​​ဆွေ အလုပ်​ပြီးသွားတဲ့အချိန်​၊ အချိန်​အားမှ သူ့ကို scan ဖတ်​​ပေးပါ ​နောက်​ပြီး internet သုံးမယ်​ဆို သူကို ပိတ်​​ပေးထားတာ အ​ကောင်းဆုံးပဲဗျ၊ ဖွင့်​ထားလို့မရဘူး​လို​တော့မဆိုလိုပါဘူး၊ မိတ်​​ဆွေသ​ဘောပါ၊ ကျွန်​​တော်​က​တော့ ပိတ်​ထားပါလို့ အကြံ​ပေးပါရ​စေ၊ သူ့မှာ free trail က ရက်​ ၃၀ စာပဲပါတယ်​ဗျ၊ အဲဒါကို ကျွန်​​တော်​က သုံးရတာ ပိုအဆင်​​ပြေ​အောင်​ ရက်​ ၉၀ (၃ လ)စာ serial key ပါထပ်​ထည့်​​ပေးလိုက်​ပါတယ်​၊ ကျွန်​​တော်​တို့ စ,သုံးတုန်းက​တော့ ဆိုင်​သွားထည့်​ခိုင်းတာ ၁၀၀၀၀ ​ကျော်​ ပြုတ်​သွားတယ်​ဗျ၊ လိုအပ်​ရင်​ ​အောက်​မှာ download ဆွဲယူနိုင်​ပါတယ်​၊

Kaspersky Internet Security 2017

Download


Kespersky Internet Security 2017 Serial Key

Download


အဆင်​​ပြေပါ​စေ

Thursday, April 20, 2017

Android ဖုန်း​လေးနဲ့ linux အနွယ်​အ၀င်​များကို ​လေ့လာချင်​တဲ့ ညီအစ်​ကိုများအတွက်​ လိုအပ်​မယ်​လို့​မျှော်​လင့်​ပါတယ်​၊ ads ​တွေဝင်​​နေလို့ သုံးရတာအဆင်​​မ​ပြေဖြစ်​​နေသလား၊ အခု software ​လေးက​တော့ ads ကင်းပါတယ်​။ BusyBox Pro ​လေးပါ၊ Playstore ထဲမှာ 1.49$ or 1.99$ ​ပေးရပါတယ်​၊ သုံး​နေကြသူတိုင်းလည်း သိ​နေပြီးသားဖြစ်​ကြမှာပါ၊ လို​အပ်​လျှင်​​အောက်​မှာ download ဆွဲယူနိုင်​ပါတယ်

BusyBox Pro


Download


အဆင်​​ပြေပါ​စေ

အခုတစ်​ခါက​တော့ Web Designer ​တွေအတွက်​ အသုံးဝင်​မည့်​စာအုပ်​​လေးပါ၊ Html, Css, Xhtml စတဲ့ Web Design Language ​တွေပါ၊ English စာ နည်းနည်းအ​ခြေခံရှိဖို့​တော့ လိုပါတယ်​ ဘာလို့လည်းဆို​တော့ english လိုချည့်​​ရေးထားလို့ပါပဲ၊ အခုမှ စ​လေ့လာမယ့်​သူ​တွေ​ရော၊ ​လေ့လာ​နေဆဲသူ​တွေ​ရော၊ ​လေ့လာပြီးတဲ့သူ​တွေ​ရော ​ဆောင်​ထားသင့်​တဲ့စာအုပ်​​လေးပါ၊ web Design ပိုင်း​လေ့လာတဲ့သူ​တွေက​တော့ အခုစာအုပ်​​လေးကို ​ကြေ​ကြေညက်​ညက်​ ရထားဖို့​တော့ လိုပါတယ်​။
နောက်​တစ်​အုပ်​က​တော့ Javascript စာအုပ်​ပါ၊ တစ်​ခု​လေးအ​ကြံ​ပေးချင်​တာက စာ​တွေ့ပဲမဟုတ်​ပဲ လက်​​တွေ့လည်း ပြီးသ​လောက်​လုပ်​ပါ၊ စာ​တွေ့ပဲဆိုရင်​ ​မေ့လွယ်​လို့ ကိုယ်​​တွေ့​​နော်​၊​ ​အောက်​မှာ Download ဆွဲယူနိုင်​ပါတယ်

Web Design Book
Download

Javascript Book
Download


အဆင်​​ပြေပါ​စေ